• +65 9631 5231
  • artistminkyi@gmail.com

About



‘Dark and Muddy’

နောက်ကျိကျိဖြစ်နေတဲ့ အမှောင်တွေ

The words above are to describe late Artist Min Kyi’s art. To be exact, his brown and grey tones are unique and distinct - his works are murky, dark and depressing. One famous artist from Myanmar once said like this: “When you look at his paintings, you will see so many colors mixed into the artwork. He is one of two artists in Myanmar who could do that”.

အထက်က စကားလုံးတွေဟာ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ပန်းချီဆရာမင်းကြည်ရဲ့လက်ရာတွေကို ကိုယ်စားပြုပါတယ်။ အတိအကျပြောရရင် သူ အသုံးပြုတဲ့ အညိုနဲ့မီးခိုးရောင်အနုအရင့်ဟန်က တစ်မူထူးပြီး ကွဲထွက်နေတယ်။ သူ့လက်ရာတွေက မှိုင်းတယ်၊ အမှောင်များတယ်၊ စိတ်ဓာတ်ကျစရာ ကောင်းတယ်။ မြန်မာနိုင်ငံရဲ့နာမည်ကျော်ပန်းချီဆရာတစ်ယောက်က တစ်ခါက အခုလိုပြောခဲ့ပါတယ်။ “မင်းကြည်ရဲ့ပန်းချီကားတွေကို ကြည့်ရင်၊ လက်ရာတစ်ခုတည်းမှာ အရောင်အများကြီးကို ရောနှောထည့်ထားတာ တွေ့ရလိမ့်မယ်။ မြန်မာပြည်က ဒီလိုဆွဲနိုင်တဲ့ ပန်းချီဆရာနှစ်ယောက်ထဲမှာ သူက တစ်ယောက်အပါအ၀င်ပါပဲ”

But Min Kyi had had a hard life like many others in Myanmar those days. He was born in 1940 to a farming family of a small village. In those days in Myanmar, there was civil war occurring throughout the country. His father was accused of being an informer by the rebels and vanished from the family. Min Kyi studied at a monastery for elementary education. He showed his early love for art. In 1955, while he was in middle school, he met two famous artists and studied the fundamentals until 1958. He also learnt on perspectives and outdoors-painting by copying works of famous European artists. This was the time when his passion for art was fully materialized under those influences.

မင်းကြည်ဟာ အဲဒီခေတ်ကာလက မြန်မာပြည်မှာနေခဲ့ကြတဲ့လူတွေလိုပဲ ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ဖြတ်သန်းခဲ့ရတယ်။ သူဟာ ၁၉၄၀ ခုနှစ်မှာ လယ်သမားမိသားစုတစ်ခုကနေ မွေးဖွားခဲ့တာပါ။ အဲဒီအချိန်က မြန်မာနိုင်ငံအနှံ့မှာ ပြည်တွင်းစစ်ဖြစ်နေခဲ့ပါတယ်။ သူ့အဖေကို လည်း တောခိုသူပုန်တွေက အစိုးရသတင်းပေးအဖြစ် စွပ်စွဲတဲ့အတွက်၊ ရွာကနေ ပျောက်ကွယ်သွားခဲ့တယ်။ မင်းကြည်ဟာ ဘုန်းကြီးကျောင်းမှာပဲ ကျောင်းစနေခဲ့ရပါတယ်။ သူ့အနုပညာဗီဇကတော့ ငယ်ငယ်ကတည်းက ပြခဲ့တယ်။ ဒီလိုနဲ့ သူ အလယ်တန်းတက် ချိန် ၁၉၅၅ ခုနှစ်မှာ နာမည်ကျော်ပန်းချီဆရာကြီးနှစ်ယောက်နဲ့ဆုံမိပြီး၊ ပန်းချီအခြေခံသဘောတွေကို ၁၉၅၈ ခုအထိ သင်ယူတယ်။ သူဟာ ဥရောပက အထင်ကရပန်းချီဆရာကြီးတွေရဲ့လက်ရာတွေကို ပုံတူလိုက်ဆွဲရင်း၊ ‘ အမြင်ရေးဆွဲနည်း’ ၊ ‘ အောက်ဒိုးရေးနည်း’ တွေကိုလည်း လေ့လာခဲ့တယ်။ သူ့အပေါ် အဲဒီလိုလွှမ်းမိုးမှုတွေနဲ့အတူ၊ ပန်းချီအနုပညာအပေါ် မြတ်နိုးမှုတွေက သူ့ဆီမှာ အပြည့်အ၀ အကောင်အထည်ပေါ်လာခဲ့တာပါပဲ။

Min Kyi worked as a public servant at the then Trade Ministry. It was 1965. He married two times: he lost his first wife because he quit his job and chose a life of painting fulltime, but met his second wife who completely understood him. Min Kyi faced great difficulties during that time – he had to peddle his works and draw car number plates.

မင်းကြည်ဟာ အဲဒီခေတ်က ကုန်သွယ်ရေးဝန်ကြီးဌာနမှာ ၀န်ထမ်းလုပ်ခဲ့တယ်။ ၁၉၆၅ ခုနှစ်ကာလ ဖြစ်ပါတယ်။ သူ အိမ်ထောင်နှစ် ဆက်ကျခဲ့တယ်။ ပုံမှန်အစိုးရအလုပ်ကိုထွက်ပြီး၊ အချိန်ပြည့်ပန်းချီဆွဲတဲ့ဘ၀ကို ရွေးခဲ့လို့ ပထမဇနီးနဲ့ကွဲပါတယ်။ ဒါပေမဲ့ ဒုတိယမြောက် ဇနီးကတော့ သူ့အပေါ် နားလည်မှုအပြည့်ရှိခဲ့တယ်။ အဲဒီကာလတွေအတွင်းမှာ မင်းကြည်ဟာ အခက်အခဲတွေအများအပြားကြုံခဲ့ပါ သေးတယ်။ သူ့ပန်းချီကားတွေကို သူကိုယ်တိုင် နေရာအနှံ့လိုက်ရောင်းရတယ်။ ၀မ်းစာအတွက် ကားနံပါတ်တွေ ရေးရတယ်။

Min Kyi got moderate success and recognition from his peers in the seventies, and gradually his paintings were sold out and he also started to gain recognition from international buyers.

၇၀ ခုနှစ်တွေမှာတော့ သူ့အတွက် အောင်မြင်မှုအသင့်အတင့်ရလာတဲ့အပြင်၊ သူနဲ့ခေတ်ပြိုင်တွေဆီက အသိအမှတ်ပြုတာကိုလည်း ရခဲ့တယ်။ သူ့ပန်းချီကားတွေလည်း တဖြည်းဖြည်းနဲ့ရောင်းလာရပြီး၊ နိုင်ငံတကာဝယ်လက်တွေရဲ့အသိအမှတ်ပြုမှုကိုလည်း စရလာ တယ်။

In 2004, he was found out having cancer, and had to sell his private collections for his medical bills. Min Kyi passed away before he could make his solo exhibition.

၂၀၀၄ ခုနှစ်မှာတော့ သူ့မှာ ကင်ဆာရှိနေကြောင်းတွေ့ခဲ့ရတယ်။ ဆေးကုစရိတ်အတွက် သူကိုယ်တိုင်စုဆောင်းထားတဲ့ ပန်းချီကားတွေ ကို ထုတ်ရောင်းခဲ့ရပါတယ်။ မင်းကြည်ဟာ တစ်ကိုယ်တော်ပြပွဲ မလုပ်နိုင်ခင်မှာပဲ ကွယ်လွန်ခဲ့ရရှာတာပါ။

Despite leading the difficult life, Min Kyi never compromised on his principles or his paintings. Though many works were painted outdoors, his paintings were dark and subdued in colors. He believed that colors deceived the viewer and wanted to remain sincere in his interpretation of what he saw. Min Kyi’s strange behavior was that he did not like to wash his brushes – he liked to use brushes with 3-day-old paints to achieve his preferred colors.

မင်းကြည်ဟာ ကြမ်းတမ်းတဲ့ဘ၀ကိုရွေးချယ်ခဲ့ရပေမယ့်၊ သူ့လက်ရာ၊ သူ့အယူအဆနဲ့ပတ်သက်ရင် လုံးဝအလျှော့မပေးခဲ့ဘူး။ သူ့လက် ရာအများအပြားကို အောက်ဒိုးဆွဲခဲ့ပေမယ့်၊ သူ့ပန်းချီကားတွေမှာ အမှောင်များတာမျိုး၊ အရောင်တွေကို ထိန်းချုပ်ထားတာမျိုးတွေချည်း ပါပဲ။ အရောင်တွေက ကြည့်သူအမြင်ကို လှည့်စားတတ်တယ်လို့ သူက ယုံကြည်တယ်။ သူ မြင်တဲ့အရာတွေအပေါ် သူ့ဘာသာ အဓိပ္ပာယ်ဖော်မှုမှာ သူက အမြဲတမ်းစစ်မှန်ချင်ခဲ့ပါတယ်။ မင်းကြည်ရဲ့ဆန်းတဲ့အလေ့အထတစ်ခုကတော့ ပန်းချီဆွဲစုတ်တံတွေကို ရေဆေးတာ မကြိုက်ဘူး။ ဆေးကျန်တွေ သုံးရက်စာလောက်ရှိနေတဲ့ စုတ်တံတွေကိုပဲ သုံးတယ်။ ဒါမှ သူ့စိတ်ကြိုက်အရောင်တွေကို ရတယ်လို့ဆိုတယ်။

In fact, it may be said that Min Kyi’s works were true reflections of Myanmar in those days. An artist said about him beautifully – “The truth is not always as beautiful and Min Kyi was a very honest artist”.

တကယ်တော့ မင်းကြည်ရဲ့လက်ရာတွေဟာ အဲဒီကာလက မြန်မာပြည်ရဲ့ပုံရိပ်မှန်တွေကို ထင်ဟပ်ပြသလိုပဲလို့ဆိုနိုင်ပါတယ်။ ပန်းချီဆ ရာတစ်ယောက်က သူ့အကြောင်းကို အလှဆုံးပြောခဲ့ဖူးပါတယ်။ “ အမှန်တရားဆိုတာ အမြဲတမ်းမလှပါဘူး။ မင်းကြည်ကတော့ သိပ်ကို ရိုးသားတဲ့ပန်းချီဆရာတစ်ယောက်ပဲလေ” လို့ပြောခဲ့တာပါ။

Min Kyi (1940-2008)

မင်းကြည် (၁၉၄၀-၂၀၀၈)

Min Kyi was born in 1940 to a farming family, and he grew up in a village called Khamauksuu from the area of Nivana, Hinthada district.

မင်းကြည်ကို ၁၉၄၀ ခုနှစ်မှာ သာမန်လယ်သမားမိသားစုတစ်ခုကနေ မွေးဖွားခဲ့ပါတယ်။ ဟင်္သာတခရိုင်၊ နိဗ္ဗာန်နယ်ဇာတိ ဖြစ်ပြီး၊ ခမောက်စုလို့ခေါ်တဲ့ရွာလေးမှာ ကြီးပြင်းခဲ့တယ်။

In those days, there were civil wars occurring throughout Myanmar. Like in the stories of many other families, his father disappeared after a group of rebels accused him of informing on them. Min Kyi had to study at a monastery for elementary education.

အဲဒီခေတ်ကာလဟာ မြန်မာနိုင်ငံအနှံ့မှာ ပြည်တွင်းစစ်ဖြစ်ပွားနေချိန်ဖြစ်ပါတယ်။ အဲဒီကာလက မိသားစုတော် တော်များများ ကြုံခဲ့ကြတဲ့အဖြစ်ဆိုးမျိုးကို မင်းကြည်တို့မိသားစုလည်း ကြုံခဲ့ရတယ်။ သူ့ဖခင်ဖြစ်သူကို တောခိုသူပုန်တွေက အစိုးရသတင်းပေးအဖြစ် စွပ်စွဲခဲ့ကြတာပါ။ သိပ်မကြာခင်မှာပဲ မင်းကြည်ရဲ့အဖေလည်း ရွာကနေပျောက်သွားတယ်။ အဲဒီလိုခေတ်မှာ မင်းကြည်ရဲ့ဘ၀ကို စခဲ့ပါတယ်။

He showed his love for art since he was little. In 1955, while he was in middle school, he met two famous artists and took a basic art training from them until 1958. He also studied perspective and outdoor-painting by copying the works of famous European artists. Then he attended Yangon University and got a degree in Myanmar language.

မင်းကြည်ဟာ မူလတန်းပညာရေးကို ဘုန်းကြီးကျောင်းမှာပဲ သင်ခဲ့ပါတယ်။ သူက အနုပညာနဲ့ပတ်သက်တဲ့ဗီဇကို ငယ်ငယ်လေးကတည်းက ပြခဲ့တယ်လို့ဆိုတယ်။ ၁၉၅၅ ခုနှစ်မှာတော့ အလယ်တန်းတက်နေစဉ်မှာပဲ နာမည်ရှိတဲ့နယ်ခံ ပန်းချီဆရာနှစ်ယောက်နဲ့ ဆုံခွင့်ရခဲ့တယ်။ အခြေခံပန်းချီသဘောတရားတွေကို အဲဒီဆရာနှစ်ယောက်ဆီကနေ ၁၉၅၈ ခုနှစ်အထိ သင်ယူခွင့်ရခဲ့တယ်။ ဒါ့အပြင် မင်းကြည်ဟာ နာမည်ကျော် ဥရောပပန်းချီဆရာကြီးတွေရဲ့လက်ရာတွေကို ပုံစံတူလိုက်ဆွဲရင်း၊ အမြင်ရေးဆွဲနည်းသဘောနဲ့ အောက်ဒိုးရေးနည်းသဘောတွေကို လေ့လာခွင့်ရသလိုဖြစ်ခဲ့ပြန်တယ်။ အဲဒီနောက် မင်းကြည်ဟာ ရန်ကုန်တက္ကသိုလ်တက်ခဲ့ပြီး၊ မြန်မာစာအဓိကနဲ့ ဘွဲ့ရခဲ့ပါတယ်။

Apart from painting, Min Kyi was also a civil servant at the then Department of Trade, working as the manager of a pharmacy warehouse. He married in 1965 and had one daughter. His wife had been known as a beautiful woman in the neighborhood of Tagyitaan, a district she grew up in. However, their marriage ended because of constant fighting between them.

မင်းကြည်ဟာ ပန်းချီဆရာတစ်ယောက်ရဲ့ဘ၀အပြင်၊ အဲဒီအချိန်က ကုန်သွယ်ရေးဌာနမှာလည်း ဆေးဂိုဒေါင်မန် နေဂျာအဖြစ်နဲ့ အစိုးရ၀န်ထမ်းဘ၀ကို ဖြတ်သန်းခဲ့ပါသေးတယ်။ ဒီလိုနဲ့ ၁၉၆၅ မှာ အိမ်ထောင်ကျပြီး၊ သမီးတစ်ယောက် ရခဲ့တယ်။ သူ့ဇနီးဟာ သူတို့နေရပ်ဇာတိဖြစ်တဲ့ တာကြီးတန်းမှာတော့ အချောဆုံးအလှဆုံးလို့ဆိုကြပါတယ်။ ဒါပေမဲ့ သူတို့အိမ်ထောင်ရေးဟာ စိတ်သဘောထားချင်း မတိုက်ဆိုင်တာတွေကြောင့် မတည်မြဲခဲ့ပြန်ဘူး။

Fortunately, Min Kyi got a chance to study from a great artist, a disciple of great Myanmar artist U Ba Nyan. His name was W Kyeesein. Min Kyi was able to learn closely from him as his teacher took on various subjects in his paintings – from Jataka tales to landscapes to portraits. (Most artworks of W Kyeesein could be found in the town of Hinthada.)

မင်းကြည်အနေနဲ့ ပန်းချီပညာကို ထဲထဲဝင်ဝင်သင်ယူခွင့်ရခဲ့တာဟာ ဆရာကြီးဦးဘဉာဏ်ရဲ့တပည့်တစ်ဦးထံမှာ ဖြစ်ပါတယ်။ ဆရာကြီးဦးဘဉာဏ်ရဲ့တပည့်တစ်ဦးဆိုတာက ဆရာကြီး W ကြီးစိန်ပါ။ မင်းကြည်ဟာ ဆရာကြီး W ကြီးစိန် ထံမှာ အနီးကပ်လေ့လာနိုင်ခဲ့တဲ့အပြင်၊ ဆရာကြီးနဲ့အတူ ပန်းချီကားအတော်များများကို အတူရေးခွင့်ရခဲ့တယ်လို့ဆိုတယ်။ ဆရာကြီးဟာ ဗုဒ္ဓ၀င်ဇာတ်နိပါတ်တွေ၊ အောက်ဒိုးပန်းချီတွေနဲ့ ပုံတူပန်းချီတွေကို အများအပြားရေးဆွဲခဲ့သူဖြစ်လို့ မင်းကြည် အတွက် ကံကောင်းခဲ့တယ်လို့ဆိုရမယ်။(ဆရာကြီး W ကြီးစိန်ရဲ့လက်ရာအများစုကိုတော့ ဟင်္သာတမြို့မှာ တစ်စုတဝေး တည်း မြင်နိုင်ပါတယ်။)

The paintings of W Kyeesein carried an intriguing mixture of composition and color separation. In addition, his brush style might have been a profound influence on Min Kyi’s paintings.

ဆရာကြီး W ကြီးစိန်ရဲ့ပန်းချီကားတွေမှာ လူပုံအထားအသို၊ အရောင်အလင်းအမှောင် ရောနှောရေးဆွဲထားတာ တွေဟာ စိတ်ဝင်စားစရာကောင်းတာကို တွေ့ရတယ်။ ဆရာကြီးရဲ့စုတ်ရေးဟန်နဲ့အရောင်တွေဟာ မင်းကြည်ရဲ့လက်ရာ တွေအပေါ် အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးမှုရှိနိုင်တယ်လို့ယူဆရတယ်။

With strong commitment, Min Kyi spent a lot of time on painting after the split-up with his first wife. Not only did she not understand Min Kyi’s passion for art but also did not know how to appreciate his paintings. She looked down on him. However, Min Kyi continued to paint with a smile.

မင်းကြည်ဟာ ပထမဇနီးနဲ့လမ်းခွဲပြီးနောက်ပိုင်းမှာ ပန်းချီရေးခြင်းတစ်ခုတည်းကိုပဲအာရုံစိုက်ပြီး၊ တစိုက်မတ်မတ် ကြိုးစားလာခဲ့ပါတယ်။ ပထမဇနီးသည်ဟာ ပန်းချီအနုပညာအပေါ်ထားတဲ့ သူ့စိတ်ကို နားမလည်ခဲ့တဲ့အပြင်၊ သူ့ပန်းချီကား တွေကိုလည်း တန်ဖိုးထားရမှန်းမသိခဲ့ဘူး။ ဒါကြောင့်လည်း ဇနီးရဲ့အထင်သေးတာကို ခံခဲ့ရတယ်။ ဒါပေမဲ့ မင်းကြည်က တော့ အပြုံးမပျက်ဘဲ၊ ပန်းချီကိုပဲ ဆက်ပြီးရေးလာခဲ့တယ်။

Min Kyi arrived in Yangon around the year of 1970 and pursued an artist’s career. He participated in many art shows with other artists and did a lot of outdoor-painting.

၁၉၇၀ ခုနှစ်ဝန်းကျင်မှာတော့ မင်းကြည် ရန်ကုန်ကိုရောက်လာခဲ့ပါတယ်။ ပန်းချီအလုပ်ကိုပဲ မပြတ်တမ်းဆက် လုပ်ခဲ့တယ်။ တခြားပန်းချီဆရာတွေနဲ့အတူ ပန်းချီပြပွဲများစွာမှာ ပါဝင်ပြသခဲ့တဲ့အပြင်၊ အောက်ဒိုးပန်းချီကားတွေကိုလည်း အများကြီး ရေးဖြစ်ခဲ့တယ်။

Then in 1972, he married for the second time - her name was Hla Yi and together with her, she brought six children from her previous marriage. Min Kyi did not have any children with her.

မင်းကြည်ဟာ ၁၉၇၂ မှာ ဒုတိယအကြိမ် အိမ်ထောင်ပြုခဲ့တယ်။ ဒုတိယဇနီးသည်ရဲ့နာမည်က လှရီပါ။ လှရီနဲ့ အတူ သူ့အရင်အိမ်ထောင်ရဲ့ကလေးခြောက်ယောက်လည်း ပါလာတယ်။ မင်းကြည်ကတော့ လှရီနဲ့ သားသမီးထပ်မရခဲ့ပါ ဘူး။

Hla Yi made a living as a peddler at pagoda festivals throughout the country. That was how she met Min Kyi in his hometown Hinthada. Sometimes Min Kyi went with her to help in her small shop.

လှရီက ဈေးသည်အဖြစ်အသက်မွေးသူပါ။ ၁၂ လ ရာသီ ဘုရားပွဲတွေတစ်လျှာက်လုံးမှာ တစ်နေရာပြီးတစ်နေရာ ဈေးလိုက်ရောင်းတယ်။ အဲဒီအချက်ကြောင့်ပဲ သူနဲ့ မင်းကြည်ဟာ ဟင်္သာတမှာ တွေ့ခဲ့ကြတာပါ။ တစ်ခါတစ်လေမှာ မင်းကြည်ကိုယ်တိုင် ဈေးလိုက်ရောင်းပေးခဲ့ရတယ်။

Min Kyi prepared canvases and frames by himself until he was satisfied with it, and would do a painting wherever he went. “A painting a day” – that was his motto. He actually stuck to it by doing a number of paintings.

မင်းကြည်ဟာ ပန်းချီကားတစ်ချပ်ကိုရေးတော့မယ်ဆိုရင် ပိတ်စနဲ့ဘောင်ကို သူကိုယ်တိုင် စိတ်ကြိုက်လုပ်တတ် သူပါ။ ဘယ်နေရာရောက်ရောက် ပန်းချီကားတစ်ချပ်ကို ပြီးအောင်ရေးတတ်တယ်။ နေ့စဉ်နေ့တိုင်း ရေးတာဖြစ်ပါတယ်။ “တစ်နေ့ တစ်ကား ၀တ္တရား” ဆိုတာ သူ ပြောလေ့ရှိတဲ့စကားပါပဲ။ အဲဒီစကားအတိုင်း ပန်းချီကားမြောက်မြားစွာကို သူ ဖန်တီးခဲ့ပါတယ်။

Min Kyi had so many distinctive personality traits and one of them was when he painted, he would lose himself in his thoughts, talking with no one and just listening to music. He listened to traditional music especially songs by Khin Nyut Yi and Mar Mar Aye, both famous in the country.

မင်းကြည်ဟာ ထူးခြားတဲ့စရိုက်လက္ခဏာ တော်တော်များများရှိသူတစ်ယောက်ဖြစ်ပြီး၊ အထူးသဖြင့် သူ ပန်းချီဆွဲ နေစဉ်မှာ ဘယ်သူနဲ့မှစကားမပြောတော့ဘဲ၊ သီချင်းတွေကို နားထောင်ရင်း သူ့ဘာသာ အတွေးတွေထဲမှာ နစ်မြုပ်နေတတ် တယ်။ မြန်မာသံစဉ်အဆိုတော်တွေဖြစ်တဲ့ ခင်ညွှန်ရီနဲ့ မာမာအေးရဲ့သီချင်းတွေကို သူက နားထောင်လေ့ရှိတယ်။

When someone criticized his paintings, mostly he would not respond except saying just a few words sometimes. Though others had treated him with contempt or spoke badly about his paintings, he never did the same to them. He just committed himself to his work, saying it was a true happiness having no strict rules over thoughts, vision and colors.

တစ်ယောက်ယောက်က သူ့ပန်းချီကားတွေကို ဝေဖန်လာတဲ့အချိန်မျိုးမှာလည်း သူက စကားနည်းနည်းလောက် နဲ့ပဲ တုံ့ပြန်တယ်။ လူတွေက သူ့ကို အထင်သေးကြတာတွေ၊ ဘာတွေရေးထားမှန်း မသိဘူးလို့ ပြောကြတာမျိုးတွေ ရှိခဲ့ပေမယ့်၊ သူကတော့ အားလုံးအပေါ် တလေးတစားပဲရှိခဲ့တယ်။ ဒါ့အပြင် သူ့ကိုယ်သူ ပန်းချီဆွဲတဲ့အလုပ်မှာပဲ မြှုပ်နှံထားခဲ့တယ်။ ပန်းချီကားတစ်ချပ်ကို လွတ်လပ်တဲ့အတွေးအမြင်၊ အရောင်တွေနဲ့ ဖန်တီးရတာဟာ ပျော်စရာကောင်း တယ်လို့ သူက ပြောလေ့ရှိပါတယ်။

His friends called him “Black Kyi” as a joke when they all got together to paint. Responding to that banter, Min Kyi would just say: “You all don’t get it”. His friends called him that because even when he used a new canvas and paints, his painting would look like an old one upon completion.

သူငယ်ချင်းတွေ စုပြီး ပန်းချီဆွဲကြတဲ့အခါတိုင်း၊ သူ့ကို “မည်းကြည်” ဆိုတဲ့နာမည်ပြောင်တစ်ခုနဲ့ နောက်လေ့ရှိကြ တယ်။ အဲဒီလိုအခေါ်ခံရတဲ့အချိန်တိုင်း မင်းကြည်က တစ်ခွန်းတည်းပြန်ပြောတယ်။ “မင်းတို့ နားမလည်ပါဘူးကွာ” သူငယ်ချင်းတွေ သူ့ကို အဲဒီလိုခေါ်ရတဲ့အကြောင်းရင်းက မင်းကြည်ဟာ ပန်းချီကားတစ်ချပ်ကို ပိတ်အသစ် ဆေးအသစ်နဲ့ ဆွဲသည်ဖြစ်စေ၊ ပြီးသွားတဲ့အချိန်မှာ ပန်းချီကားဟောင်းတစ်ချပ်လို ဖြစ်နေတတ်လို့ပါပဲ။

Regarding to art, Min Kyi had always believed in his own views and philosophy, never giving up upon those even when things were tough.

ပန်းချီအနုပညာနဲ့ပတ်သက်ရင်တော့ မင်းကြည်ဟာ သူ့ကိုယ်ပိုင်အမြင်နဲ့ အတွေးအခေါ်ကို အမြဲယုံကြည်ခဲ့တဲ့အ ပြင်၊ ဘ၀မှာ အခက်ခဲဆုံးအချိန်တွေ ကြုံရချိန်မျိုးမှာတောင် သူ့ခံယူချက်ကို စွန့်လွှတ်ခဲ့သူမဟုတ်ပါဘူး။

Min Kyi had no intention of selling his paintings. He just wanted to put them in front of him and watched them pleasingly. So selling his paintings for his family resulted in many hurting memories. He told his family: “Now I have to take out my heart (meaning his paintings) for you all”. Nevertheless, he had never showed any feeling about it and kept on creating even harder. One could imagine how he must have felt and struggled in that terrible life.

မင်းကြည်ဟာ တကယ်တော့ သူ့ပန်းချီကားတွေကို ရောင်းဖို့ရည်ရွယ်ချက်မရှိခဲ့ဘူး။ ပန်းချီကားတွေကို သူ့ရှေ့ မှာပဲ ချပြီး၊ တစိမ့်စိမ့် ထိုင်ကြည့်နေချင်သူမျိုးပါ။ ဒါကြောင့် သူ့ပန်းချီကားတွေကို မိသားစုစားဝတ်နေရေးအတွက် ရောင်းချရ ချိန်မှာ နာကျင်စရာအမှတ်တရတွေ ဖြစ်ခဲ့ရတယ်။ “နင်တို့အတွက် ငါ့အသည်းနှလုံးတွေကို ဆွဲနုတ်ပစ်ရတော့မယ်” လို့ သူ့မိသားစုကို ပြောလေ့ရှိတယ်။ ဒါပေမဲ့ သူက ဇနီးသည်နဲ့သားသမီးတွေအပေါ် ငြိုငြင်တာမျိုး မရှိခဲ့တဲ့အပြင်၊ ပန်းချီကား တွေကိုပဲ ပိုပြီးကြိုးစားပမ်းစား ရေးဆွဲခဲ့တယ်။ ဆိုးဝါးလွန်းတဲ့ သူ့ဘ၀အတွက် ဘယ်လောက်ခံစားခဲ့ရမယ်၊ ဘယ်လို ရုန်းကန်ခဲ့ရမယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။

Rarely could Min Kyi use high quality painting materials such as canvas, brushes, paints and other tools. He could only afford low-priced materials. Moreover, he preferred to work on a painting using old brushes, as he loved the flexibility of an old brush moving at his will.

မင်းကြည်ဟာ ပန်းချီဆွဲတဲ့အခါ ပိတ်စ၊ စုတ်တံ၊ ဆေးနဲ့ တခြားပစ္စည်းတွေကို အရည်အသွေးကောင်းကောင်းနဲ့ သုံးနိုင်တာမျိုး ရှားပါတယ်။ သိပ်ပြီးဈေးမကြီးတာမျိုးတွေကိုပဲ သူ တတ်နိုင်ခဲ့တယ်။ သူက စုတ်တံအဟောင်းတွေနဲ့ဆွဲရတာ ကိုလည်း ပိုသဘောကျတယ်။ သူ့စိတ် သွားရာနောက်ကို စုတ်တံက လိုသလိုလိုက်ပေးနိုင်တဲ့သဘောကို နှစ်ခြိုက်တာပါ။

There was another curious thing about Min Kyi. We found a lot of painting in 5x7-frame size on which he had produced to the last detail like big-size paintings. Maybe these were done when he was so much into outdoor painting and it could be presumed that he reworked on them for a standard size later.

သူနဲ့ပတ်သက်ပြီး ထူးခြားတာတစ်ခုလည်း ရှိတယ်။ ၅/၇ လက်မအရွယ် ပန်းချီကားလေးတွေမှာ ပန်းချီကားကြီး တွေအတိုင်း အသေးစိတ်ဆွဲထားတာတွေကို အများကြီးတွေ့ခဲ့ရလို့ပါပဲ။ အောက်ဒိုးထွက်ရင်း ဆွဲခဲ့တာတွေဖြစ်နိုင်သလို၊ အဲဒီကနေမှ ပန်းချီကားကြီးတွေအဖြစ် ပြောင်းလဲလိမ့်မယ်လို့ ယူဆရတယ်။

Min Kyi, for quite often, referred to himself as a new generation artist of U Ba Nyan.

မင်းကြည်ဟာ သူ့ကိုယ်သူ ဆရာကြီးဦးဘဉာဏ်ရဲ့မျိုးဆက်သစ်ပန်းချီဆရာတစ်ယောက်အဖြစ်ပဲ ရည်ညွှန်းလေ့ရှိ ပါတယ်။

In 2004, he found out that he had cancer. Nonetheless, Min Kyi put a great effort into creating more paintings as he needed money for his medical bills. As a result, his health deteriorated rapidly.

၂၀၀၄ ခုနှစ်မှာတော့ သူ့မှာ ကင်ဆာဖြစ်နေကြောင်း သိလာခဲ့ရတယ်။ ရောဂါဆိုးကြီးကို ကြုံလိုက်ရပေမယ့်၊ သူ့အ တွက် ဆေးကုစရိတ်အတွက် ပန်းချီကားတွေကိုပဲ ပိုပြီးအားစိုက်ရေးခဲ့ရတယ်။ အဲဒီလိုတွေကြောင့် ကျန်းမာရေးအခြေအနေ ကလည်း ရုတ်ခြည်းဆိုသလို ကျဆင်းသွားတယ်။

“Others create a painting to come out from the inside of it. Min Kyi creates it to go into the inside of it.” He said these last words while looking at his paintings and saying joyfully to his artist friends.

“သူများတွေက ပန်းချီကားကို အထဲကနေ အပြင်ထွက်လာအောင်ဆွဲတာ၊ မင်းကြည်က အပြင်ကနေ အထဲကိုဝင် သွားအောင် ဆွဲတာ” သူ့ပန်းချီကားတွေကို ငေးကြည့်ရင်း၊ ရေးဖော်ရေးဖက်မိတ်ဆွေတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ နောက်ဆုံးပြော သွားခဲ့တဲ့စကားဖြစ်ပါတယ်။

It was said that Min Kyi was asked to eat vipers when his cancer became worse – maybe that is because many people in Myanmar believe it is a cure for cancer in accordance with traditional medicine. However, he could not take it much longer and wrote a note that said, “I’d rather choose death if I were to live at the cost of the lives of others.” At that time, he could not speak at all, as result of cutting out in his throat to cancer.

မင်းကြည်ဟာ ကင်ဆာရောဂါပိုပြီးဆိုးရွားလာချိန်မှာ အများက ၀ိုင်းပြောကြတဲ့အတွက် မြွေပွေးသား စားခဲ့တယ် လို့ဆိုတယ်။ မြွေပွေးသားစားရင် ကင်ဆာပျောက်တယ်ဆိုတဲ့ ရိုးရာအယူအဆတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မင်းကြည်က ကြာကြာဆက်မစားနိုင်ခဲ့ဘူး။ “သူများအသက်သေမှ ငါ့အသက်ရှင်ရမယ်ဆိုရင် ငါ မစားတော့ဘူး။ အသေခံ လိုက်မယ်” ဆိုပြီး စာတိုလေး ရေးပြတယ်။ အဲဒီအချိန်မှာ ကင်ဆာကြောင့် လည်ချောင်းမှာ အပေါက်ဖောက်ထားရတဲ့အ တွက် စကားမပြောနိုင်တော့ပါဘူး။

In 27 July 2008, Min Kyi left this world, and his art, his beloved family and his dear friends. If there was one thing that he could bring with him from this world, undoubtedly, it is his name – artist Min Kyi.

ဒီလိုနဲ့ ၂၀၀၈ ဇူလိုင်လ ၂၇ ရက်နေ့၊ နေ့လယ် ၃ နာရီခွဲအချိန်မှာ ရောဂါဝေဒနာကိုခံစားရင်း သူ ကွယ်လွန်သွားခဲ့ တယ်။ သူ ချစ်ခင်မြတ်နိုးတဲ့ ပန်းချီ၊ သူ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းအပေါင်းကို ချန်ရစ်ပြီး ထွက်ခွာသွားခဲ့ရပြီ။ ဒီလောကကြီးကနေ သူနဲ့အတူ ယူသွားနိုင်တာတစ်ခုရှိခဲ့တယ်ဆိုရင်၊ အဲဒီတစ်ခုဟာ “ပန်းချီမင်းကြည်” ဆိုတဲ့ နာမည်တစ်ခု ဖြစ်မယ်ဆိုတာ အသေအချာပါပဲ။